စတော်ဘယ်ရီသီးရဲ့ ကောင်းကျိုးများနှင့် စတော်ဘယ်ရီ ဒိန်ချဉ်
စတော်ဘယ်ရီ ဒိန်ချဉ် လုပ်ကြည့်ကြမယ်….
ဖေဖော်ဝါရီ- ၁၅၊ ၂၀၁၇
ဒီတစ်ပတ်ရဲ့ ဒိန်ချဉ်ချစ်သူများ အစီအစဉ်မှာတော့ ရာသီစာ
သီးနှံလေးဖြစ်တဲ့
စတော်ဘယ်ရီလေးတွေရယ်နဲ့
ဒိန်ချဉ်လုပ်သောက်ပြီး အပူဒါဏ်ကို ကာကွယ်ကြစို့နော်….
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့
၁။ ဒိန်ချဉ် ၂၅ ကျပ်သား
၂။ စတော်ဘယ်ရီ ၂၅ကျပ်သား
၃။ သကြားညို ၂၀သား တို့ လိုအပ်ပါတယ်နော်….
ဒိန်ချဉ်လုပ်နည်းကိုတော့ အရင်အပတ်က Post တစ်ခုအနေနဲ့
ဖော်ပြခဲ့ပြီးမို့ ဒိန်ချဉ်ချစ်သူလေးတွေ ၀င်ကြည့်ပေးနော်….
စတော်ဘယ်ရီ ၀ယ်ရင်လည်း လတ်လတ်ဆတ်ဆတ်လေးတွေနဲ့
အမဲမပါတာလေးတွေ ရွေးဝယ်မှ စားလို့လည်း အဆင်ပြေ အရောင်လေးလည်း လှမှာမို့ သတိပေးလိုက်ပါရစေနော်…
သကြားညိုကို ရှာဝယ်ဖို့ တိုက်တွန်းပါရစေနော်…
ဘာလို့လဲဆိုတော့ ချွတ်ဆေးမပါတော့ ကျန်းမာရေးအတွက်
ပိုသင့်တော်မှာမို့ပါ…
ပစ္စည်စုံပြီဆိုရင်.. စတော်ဘယ်ရီသီးလေးတွေကို ဖျော်စက်ထဲမှာ
၂မိနစ်ခန့် သကြားနဲ့ ဖျော်ပါ..
ပြီးရင် ဒိန်ချဉ်နှင့် ရောမွှေပြီး .. ကျန်းမာရေးနှင့် ညီညွှတ်တဲ့
စတော်ဘယ်ရီ ဒိန်ချဉ်ကို သုံးဆောင်နိုင်ပါပြီလို့….
အော်… စတော်ဘယ်ရီဒိန်ချဉ် သောက်ချင်ပေမယ့် ကိုယ်တိုင်လုပ်သောက်ဖို့
အချိန်မရှိတဲ့
ဒိန်ချဉ်ချစ်သူတွေဖို့ ယူနီစန် ဒိန်ချဉ်မှ အသင့်သောက် စတော်ဘယ်ရီ
ကျန်းမာရေး အဆီကျ ဒိန်ချဉ်ကို ထုတ်လုပ်ဖြန့်ချီထားပါတယ်လို့ သတင်းကောင်းပါးပါရစေ ခင်ဗျာ…
Post by #ယူနီစန်ဒိန်ချဉ်
Admin #ဒိန်ချဉ်ချစ်သူ
No comments:
Post a Comment